နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း

နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း

နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း(SEE)

၁။ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်း(DEFINITION)
ပြည်ထောင်စုဝန်ကြီးဌာန အသီးသီးအောက်ရှိ စီးပွားရေးလုပ်ငန်း လုပ်ကိုင်သော  လုပ်ငန်း ဌာနများ ၊နိုင်ငံပိုင်စက်ရုံ အလုပ်ရုံများ၊

၂။ INCOME & OBLIGATION(ဝင်ငွေနှင့်တာဝန်)

– အထူးကုန်စည်များ ထုတ်လုပ်၊တင်သွင်း၊တင်ပို့လျှင်(အထူးကုန်စည်ခွန်)
– ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့်လုပ်ငန်းဖြစ်လျှင်(ကုန်သွယ်လုပ်ငန်းခွန်)
– စီးပွားရေးလုပ်ငန်းမှ ဝင်ငွေရလျှင်(ဝင်ငွေခွန်) များအသီးသီးပေးဆောင်ရပါမည်။

၃။ REGISTRATION & FILING(မှတ်ပုံတင်ခြင်းနှင့် ကြေညာလွှာတင်သွင်းခြင်း)

မှတ်ပုံတင်ရန်၊လုပ်ငန်းစတင်ကြောင်းအကြောင်းကြားစာပေးပို့ရန်မလိုပါ  

ကြေညာလွှာတင်သွင်းခြင်း (Filing)

အထူးကုန်စည်ခွန်ကြေညာလွှာ
– အထူးကုန်စည်ခွန်ကျသင့်သည့်ကုန်စည်များ တင်သွင်းလျှင်အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ(အထခ)-၆ကို အကောက်ခွန်ဦးစီးဌာနသို့တင်သွင်းရမည်။ အထူးကုန်စည်ခွန်ကျသင့်သည့် ကုန်စည်များထုတ်လုပ်တင်ပို့လျှင် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ(အထခ)-၈ ကို သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ သုံးလပတ်ကုန်ဆုံးပြီးနောက်တစ်လအတွင်း ပေးပို့ရမည်။ (အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆)
– အထူးကုန်စည်ခွန်ကြေညာလွှာကို သုံးလတစ်ကြိမ်သာ တင်သွင်းရပြီး၊ နှစ်ချုပ်ကြေညာလွှာ တင်သွင်းရန်မလိုအပ်ပါ။

သုံးလတစ်ကြိမ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
– ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်များ ထုတ်လုပ်၊ ရောင်းဝယ်ခြင်းဖြစ်လျှင် သုံးလတစ်ကြိမ် ကုန်ရောင်းကြေညာလွှာ ပုံစံ ပတခ(ကသခ-) ၅ ကိုလည်းကောင်း၊ ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်လျှင် သုံးလတစ်ကြိမ် ဝန်ဆောင်မှုကြေညာလွှာ ပုံစံ ပတခ(ကသခ)-  ၆ ကိုလည်းကောင်း၊ သုံးလပတ်ကုန်ဆုံးပြီး နောက်တစ်လအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်။

နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
နှစ်တစ်နှစ်အတွင်းလုပ်ငန်းက ရရှိသည့်ရောင်းရငွေ/ဝန်ဆောင်မှုရငွေ နှင့်စပ်လျဉ်း၍-
– နှစ်ချုပ်ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ)-၁၁ ကိုလည်းကောင်း၊
– နှစ်ချုပ်ဝန်ဆောင်မှုကြေညာလွှာ ပုံစံ ပတခ(ကသခ)-၁၂  ကိုလည်းကောင်း၊
 သက်ဆိုင်ရာနှစ်ကုန်ဆုံးပြီး သုံးလအတွင်းသက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးမှူးထံပေးပို့ရမည်။

ဝင်ငွေကြေညာလွှာ
နှစ်ချုပ်ဝင်ငွေကြေညာလွှာပုံစံ   ပတခ ( ဝင )  –  ၁  ကို  ဝင်ငွေနှစ်ကုန်ဆုံးပြီး  သုံးလအတွင်း သို့မဟုတ် သက်ဆိုင်သောနှစ်အတွက် နှစ်ချုပ်စာရင်းများပြုစုပြီးသည့်နေ့မှ ရက်ပေါင်း(၃၀)အတွင်း  သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်။
– ပြည်ထောင်စုအစိုးရ၏ စာရင်းစစ်ဆေးခြင်းအစီအစဉ်အရ စစ်ဆေးပြီးစီးသောအခါ သက်ဆိုင်ရာနှစ်အတွက် မူလကြေညာထားသည့်အခွန်ငွေနှင့် ကွာခြားခဲ့လျှင် စာရင်းစစ်ဆေးခြင်းအစီရင်ခံစာ ရရှိပြီးနောက်  ရက်ပေါင်း(၃၀) အတွင်း ကြေညာလွှာအသစ်ပေးပို့ရမည်။
 (forms ပုံစံများကို forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)
– အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်(SAS) ကျင့်သုံးသည့်ရုံးများတွင် စည်းကြပ်မှု ခံယူလျှက်ရှိသည့် နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းများအနေဖြင့် အဆိုပါအခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့် စနစ်(SAS)နည်းလမ်းအတိုင်း အသုံးပြုရမည့်(SASForm) ပုံစံများကို အသုံးပြုဆောင်ရွက်ရပါမည်။
(SAS form ပုံစံများကိုလည်း forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)

၄။အခွန်ပေးဆောင်ခြင်း(PAYMENT)

အထူးကုန်စည်ခွန်

– အထူးကုန်စည်များတင်သွင်းလျှင် (ကုန်စည်ကို ရွေးယူခြင်းမပြုမီ)
– အထူးကုန်စည်များ ထုတ်လုပ်လျှင်(ရောင်းချသည့်လကုန်ဆုံးပြီး (၁၀)ရက်အတွင်း)
– အထူးကုန်စည်ခွန်တင်ပို့လျှင်(တင်ပို့သည့်လ၏လကုန်ဆုံးပြီး(၁၀)ရက်အတွင်း) ပေးဆောင်ရပါမည်။ (အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၈)    

လစဉ်ကုန်သွယ်လုပ်ငန်းခွန်          

 ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့်လုပ်ငန်းဖြစ်လျှင်(သက်ဆိုင်ရာလကုန်ဆုံးပြီး(၁၀)ရက် အတွင်း) လစဉ်ကုန်သွယ်လုပ်ငန်းခွန်  ပေးဆောင်ရပါမည်။

ကြိုတင်ဝင်ငွေခွန်

 သုံးလတစ်ကြိမ် ကြိုတင်ဝင်ငွေခွန် ပေးဆောင်ရမည်။ ပတခ(ဝင)-၁၈ ပုံစံချလန်ဖြင့် ပေးသွင်း ရမည်ဖြစ်ပါသည်။
 လစာဝင်ငွေခွန်ကျသင့်သည့် ဌာနဝန်ထမ်းများ၏  လစာဝင်ငွေခွန်ကို လစာငွေထုတ်ပေးရန် တာဝန်ရှိသည့် ငွေထုတ်သူအရာရှိက လစာမှဖြတ်တောက်၍ လစဉ်ပေးသွင်းရပါမည်။

အပြီးသတ်စည်းကြပ်မှု့အရပေးဆောင်ခြင်း

– အပြီးသတ် စည်းကြပ်မှုအရ ပေးပို့လာသည့် ကုန်သွယ်လုပ်ငန်းခွန် အခွန်တောင်းခံလွှာ ပတခ(ကသခ) – ၁၇၊ ဝင်ငွေခွန်တောင်းခံလွှာ ပတခ( ဝင ) – ၈ အရ ထပ်မံပေးဆောင်ရမည့် အခွန်များကို အခွန်တောင်းခံလွှာပါသတ်မှတ်နေ့ရက်အတွင်း ပေးဆောင်ရပါမည်။
– အခွန်ထမ်းကိုယ်တိုင်စည်းကြပ်သည့်စနစ် (SAS) ရုံးများတွင် စည်းကြပ်မှုခံယူသည့် နိုင်ငံပိုင်စီးပွားရေး အဖွဲ့အစည်းများ အနေဖြင့် –
လုပ်ငန်းကတင်သွင်းသည့်(SAS)ပုံစံ ကြေညာလွှာသည် မှန်ကန်ပြည့်စုံကြောင်းအကြောင်းကြားသည့် Confirmation letter လက်ခံရရှိလျှင် ကြေညာလွှာတွင်ဖော်ပြထားသည့်အတိုင်း အခွန်ပေးသွင်းရမည်။

Credit to : https://www.ird.gov.mm