သမဝါယမ

သမဝါယမ

သမဝါယမလုပ်ငန်းများ ( Co-operative )

၁။    သမဝါယမလုပ်ငန်း (Definition )
၁၉၉၂ခုနှစ် သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းထားသည့် သမဝါယမအသင်းများကို ဆိုလို ပါသည်။ ယင်းတွင် အခြေခံသမဝါယမအသင်း၊ သမဝါယမအသင်းစု၊ သမဝါယမအသင်းစုချုပ်နှင့် ဗဟိုသမဝါယမအသင်းများပါဝင်ပါသည်။

၂။    ဝင်ငွေနှင့်တာဝန်။( Income & Obligation )

အခြေခံသမဝါယမအသင်း၊ သမဝါယမအသင်းစု၊ သမဝါယမအသင်းစုချုပ်၊ ဗဟိုသမဝါယမအသင်းများ အနေဖြင့်
(က)    လုပ်ခ၊ လစာပေးခန့်ထားသော ဝန်ထမ်းများအတွက် လစာဝင်ငွေခွန်ကို ဖြတ်တောက် ပေးသွင်းရပါမည်။
( ခ )    စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်သည့် သမအသင်းများအနေဖြင့် ၎င်းတို့ လုပ်ကိုင် သည့် လုပ်ငန်းအမျိုးအစားအလိုက် သက်ဆိုင်ရာ အထူးကုန်စည်ခွန်၊ ကုန်သွယ်လုပ် ငန်းခွန်နှင့် ဝင်ငွေခွန် တို့ပေးဆောင်ရပါမည်။
( ဂ )    ပစ္စည်းငှားရမ်းခြင်းမှဝင်ငွေရရှိလျှင် ဝင်ငွေခွန်ပေးဆောင်ရပါမည်။
( ဃ)   အခြေပစ္စည်းရောင်းချခြင်းမှမြတ်စွန်းငွေရရှိလျှင် ဝင်ငွေခွန်ပေးဆောင်ရပါမည်။

၃။    အခွန်ထမ်းမှတ်ပုံတင်ခြင်း နှင့် ကြေညာလွှာတင်သွင်းခြင်း (Registration & Filing)

အခွန်ထမ်းမှတ်ပုံတင်ခြင်း (Registration)

ဝင်ငွေခွန်
၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေအရ ဖွဲ့စည်းတည်ထောင်၍ လုပ်ငန်းစတင် လုပ်ကိုင်လျှင် မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးနှင့် ဆက်သွယ်၍ အခွန်ထမ်းအဖြစ် မှတ်ပုံတင်ရမည်။ (GIR  သို့မဟုတ် TIN)

ကုန်သွယ်လုပ်ငန်းခွန်
– လုပ်ငန်းစတင်လုပ်ကိုင်လျှင် လုပ်ငန်းစတင်ကြောင်းအကြောင်းကြားစာပုံစံ ပတခ (ကသခ)-၃ဖြင့် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ အကြောင်းကြားရမည်။
– ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့်လုပ်ငန်းဖြစ်လျှင် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးတွင် ပုံစံပတခ(ကသခ)-၁ ဖြင့် မှတ်ပုံတင်ခွင့်ပြုပါရန် လျှောက်လွှာတင် သွင်းရပါမည်။သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးရုံးက မှတ်ပုံတင်ခွင့်ပြုကြောင်း လုပ်ငန်းရှင် မှတ်ပုံတင်ပုံစံ ပတခ(ကသခ)-၂ ကိုထုတ်ပေးပါမည်။

အထူးကုန်စည်ခွန်
– အထူးကုန်စည်ခွန် ထုတ်လုပ်၊ တင်ပို့လျှင် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးထံ အထူးကုန်စည်ခွန် မှတ်ပုံတင်ရန် လျှောက်လွှာပုံစံ ပတခ(အထခ)-၁ ကိုနှစ်စဉ်တင်သွင်းရပါမည်။ ဆိုင်ရာအခွန်ရုံးက မှတ်ပုံတင်ခွင့်ပြုကြောင်းပုံစံ(အထခ)-၂ ကို ထုတ်ပေးမည်ဖြစ်ပါသည်။ (အထူးကုန်စည်ခွန်ဉပဒေ ပုဒ်မ ၁၅)
(forms ပုံစံများကို forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)
– အခွန်ထမ်းဆောင်လျက်ရှိသည့် သမဝါယမအသင်းဟောင်းများအနေဖြင့် မိမိအသင်း စည်းကြပ်မှုခံယူလျက်ရှိသည့် သက်ဆိုင်ရာအခွန်ရုံးများတွင် ကုန်သွယ်လုပ်ငန်းခွန် မှတ်ပုံတင်ရန်နှင့် အထူးကုန်စည်ခွန် မှတ်ပုံတင်ရန် နှစ်စဉ် လျှောက်လွှာတင်ရမည်။
– အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS)ကျင့်သုံးသည့် ရုံးများတွင်စည်းကြပ် မှု ခံယူလျက်ရှိသည့် သမဝါယမအသင်းများအနေဖြင့် အဆိုပါ အခွန်ထမ်းကိုယ်တိုင် အခွန်စည်းကြပ်သည့်စနစ်(SAS) နည်းလမ်းအတိုင်း အသုံးပြုရမည့်(SAS  Form) ပုံစံများကို အသုံးပြုဆောင်ရွက်ရပါမည်။
(SAS form ပုံစံများကိုလည်း forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)

ကြေညာလွှာတင်သွင်းခြင်း (Filing)

အထူးကုန်စည်ခွန်ကြေညာလွှာ
– အထူးကုန်စည်ခွန် ကျသင့်သည့်ကုန်စည်များ တင်သွင်းလျှင် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ(အထခ)-၆ကို အကောက်ခွန်ဦးစီးဌာနသို့တင်သွင်းရမည်။ အထူးကုန်စည်ခွန်ကျသင့်သည့်ကုန်စည်များထုတ်လုပ်တင်ပို့လျှင် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံပတခ(အထခ)-၈ ကိုမိမိအသင်း စည်းကြပ်မှုခံယူနေသည့်ရုံးသို့ သုံးလပတ် ကုန်ဆုံးပြီး နောက်တစ်လအတွင်း ပေးပို့ရမည်။  (အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၆)
– အထူးကုန်စည်ခွန်ကြေညာလွှာကို သုံးလတစ်ကြိမ်သာ တင်သွင်းရပြီး၊နှစ်ချုပ်ကြေညာ လွှာတင်သွင်းရန်မလိုအပ်ပါ။

သုံးလတစ်ကြိမ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
– ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့်ကုန်စည်များ ထုတ်လုပ်၊ ရောင်းဝယ်ခြင်းဖြစ်လျှင် သုံးလတစ်ကြိမ် ကုန်ရောင်းကြေညာလွှာ ပုံစံ ပတခ(ကသခ-) ၅ ကိုလည်းကောင်း၊
– ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်လျှင် သုံးလတစ်ကြိမ် ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ(ကသခ)- ၆ကိုလည်းကောင်း၊
သုံးလပတ်ကုန်ဆုံးပြီး နောက်တစ်လအတွင်း သက်ဆိုင်ရာမိမိသမဝါယမအသင်းစည်းကြပ်မှုခံယူနေသည့်ရုံး သို့ပေးပို့ရမည်။

နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ
– နှစ်တစ်နှစ်အတွင်း ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့်ရောင်းရငွေ/ဝန်ဆောင်မှုရငွေ (ကျပ်သိန်း၅၀၀ကျော်လျှင်) ယင်းနှစ်အတွက်
– နှစ်ချုပ်ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ)-၁၁ ကိုလည်းကောင်း၊
– နှစ်ချုပ်ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ(ကသခ)-၁၂ ကိုလည်းကောင်း၊
သက်ဆိုင်ရာနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာအခွန်ရုံးသို့ ပေးပို့ရမည်။

ဝင်ငွေခွန်ကြေညာလွှာ
– ဝင်ငွေကြေညာလွှာပုံစံ ပတခ(ဝင)-၁ ကို ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း  သက်ဆိုင်ရာအခွန်ဦးစီးရုံးသို့ ပေးပို့ရမည်။ အခြေပစ္စည်းရောင်းချခြင်းမှမြတ်စွန်းငွေ ရရှိခြင်းဖြစ်လျှင် ရောင်းချသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း ယင်းအတွက်ကြေညာလွှာကို  သီးသန့်တင်သွင်းရပါမည်။
– သမဝါယမနည်းဥပဒေ ၈၄ အရ နှစ်ချုပ်စာရင်းရေးဆွဲ၍ နည်းဥပဒေ ၈၂ အရ သမဝါယမဦးစီးဌာန စာရင်းစစ်ဖြင့် စစ်ဆေးပြီး စာရင်းစစ်အစီရင်ခံစာအရ မူလကြေညာလွှာနှင့် ကွဲလွဲလျှင်ပြင်ဆင်သည့် ဝင်ငွေကြေညာလွှာကို ပေးပို့ရပါမည်။
(forms ပုံစံများကို forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)
– အခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS) ကျင့်သုံးသည့်ရုံးများတွင် စည်းကြပ်  မှုခံယူလျက်ရှိသည့် ကုမ္ပဏီများအနေဖြင့် အဆိုပါအခွန်ထမ်းကိုယ်တိုင်အခွန်စည်းကြပ်သည့်စနစ်(SAS)နည်းလမ်းအတိုင်း အသုံးပြုရမည့်(SAS  Form)ပုံစံများကို အသုံးပြု ဆောင်ရွက်ရပါမည်။
(SAS form ပုံစံများကိုလည်း forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)

၄။ အခွန်ပေးဆောင်ခြင်း(Payment)

အထူးကုန်စည်ခွန်
– အထူးကုန်စည်ခွန်ကျသင့်သည့် အထူးကုန်စည်များ တင်သွင်းခြင်းဖြစ်ပါက ကုန်စည် ကိုရွေးယူခြင်းမပြုမီပေးဆောင်ရမည်။ (အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၈(က) (၁))၊
– အထူးကုန်စည်ခွန် ကျသင့်သည့် အထူးကုန်စည်များ ထုတ်လုပ်လျှင်   ကျသင့်သည့်  အထူးကုန်စည်ခွန်ကို ရောင်းချသည့်လကုန်ဆုံးပြီး (၁၀)ရက်အတွင်း ပေးဆောင်ရ ပါမည်။(အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၈)(က)(၂)(ကက)
– အထူးကုန်စည်ခွန် တင်ပို့လျှင် ကျသင့်သည့်အထူးကုန်စည်ခွန်ကို တင်ပို့သည့်လ၏ လကုန် ဆုံးပြီး(၁၀)ရက်အတွင်းပေးဆောင်ရပါမည်။(အထူးကုန်စည်ခွန်ဥပဒေပုဒ်မ၈)(က)(၃)

လစဉ်ကုန်သွယ်လုပ်ငန်းခွန်  
– လစဉ်ရောင်းရငွေ/ ဝန်ဆောင်မှုရငွေအပေါ် ကျသင့် သည့် ကုန်သွယ်လုပ်ငန်းခွန်ကို သက်ဆိုင်ရာလကုန်ဆုံးပြီး(၁၀)ရက်အတွင်း ပေးဆောင် ရပါမည်။

ကြိုတင်ဝင်ငွေခွန်
– သက်ဆိုင်ရာဝင်ငွေနှစ်အတွင်း မိမိရရှိသည့် စုစုပေါင်းဝင်ငွေကိုခန့်မှန်းတွက်ချက်၍ ယင်းအပေါ်ကျသင့်မည့်ဝင်ငွေခွန်ကို  သုံးလတစ်ကြိမ် ကြိုတင်ပေးဆောင်ရမည်။ ပတခ(ဝင)-၁၈ ပုံစံချလန်ဖြင့် ပေးသွင်းရမည်ဖြစ်ပါသည်။

အပြီးသတ်စည်းကြပ်မှုအရပေးဆောင်ခြင်း
– ဝင်ငွေနှစ်ကုန်ဆုံး၍ နှစ်ချုပ်ကုန်ရောင်းကြေညာလွှာပတခ(ကသခ)-၁၁၊ နှစ်ချုပ် ဝန်ဆောင်မှုကြေညာလွှာပတခ(ကသခ)-၁၂ နှင့် ဝင်ငွေကြေညာလွှာပတခ(ဝင)-၁ များ တင်သွင်းပြီး ယင်းကြေညာလွှာများအရ ထပ်မံပေးဆောင်ရမည့်အခွန်ကို တစ်ပါတည်း ပေးဆောင်ရပါမည်။

Credit to : https://www.ird.gov.mm