တစ်ဦးချင်းပုဂ္ဂိုလ်

တစ်ဦးချင်းပုဂ္ဂိုလ်

အဓိပ္ပါယ်

၁။ တစ်ဦးချင်းပုဂ္ဂိုလ် ( Definition )

– ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမဟုတ်
– ကုမ္ပဏီ၊အစုစပ်၊ဖက်စပ်၊အဖွဲ့အစည်း၊အသင်းအဖွဲ့များမဟုတ်ဘဲ
– ပုဂ္ဂိုလ်တစ်ဦးချင်းအနေဖြင့်သာ ဝင်ငွေရရှိသူ

ဝင်ငွေနှင့်တာဝန်

၂။ ဝင်ငွေနှင့်တာဝန် ( Income & Obligation )

တစ်ဦးချင်းပုဂ္ဂိုလ်များအနေဖြင့်
– လစာဝင်ငွေရရှိလျှင်(ဝင်ငွေခွန်)                    
– မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်းမှဝင်ငွေရရှိလျှင်(ကုန်သွယ်လုပ်ငန်းခွန်နှင့်ဝင်ငွေခွန်)
– အခြေပစ္စည်းတစ်ခုခုရောင်းချ၍မြတ်စွန်းငွေရရှိလျှင်(ဝင်ငွေခွန်)
– အိမ်ခြံမြေ၊အဆောက်အဦ၊မော်တော်ယာဉ်၊ရေယာဉ်များ ဝယ်ယူတည်ဆောက်ခြင်းနှင့် အစု ရှယ်ယာထည့်ဝင်ခြင်းတို့အတွက် ဝင်ငွေရလမ်းတင်ပြနိုင်ခြင်းမရှိလျှင်(ဝင်ငွေခွန်) အသီးသီး ပေးဆောင်ရပါမည်။                     

မှတ်ပုံတင်ခြင်းနှင့်ကြေညာလွှာတင်ခြင်း

၃။ အခွန်ထမ်းမှတ်ပုံတင်ခြင်းနှင့် ကြေညာလွှာတင်သွင်းခြင်း ( Registering  & Filing )

– လစာဝင်ငွေသာရရှိသူဖြစ်လျှင် အခွန်ထမ်းမှတ်ပုံတင်ရန်၊ ဝင်ငွေကြေညာလွှာတင်သွင်းရန် မလိုအပ်ပါ။
  ဝင်ငွေကြေညာလွှာ တင်သွင်းခြင်း
– မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်းမှဝင်ငွေကို ဝင်ငွေနှစ်ကုန်ဆုံးပြီးသုံးလအတွင်း
– အခြေပစ္စည်းမှမြတ်စွန်းငွေကို အခြေပစ္စည်းရောင်းချပြီးရက်ပေါင်း (၃၀) အတွင်း
– အိမ်ခြံမြေအဆောက်အဦ၊မော်တော်ယာဉ်၊ရေယာဉ်၊အစုရှယ်ယာဝယ်ယူတည်ဆောက်ခြင်း အတွက် ယင်းသို့ဝယ်ယူတည်ဆောက်ချိန်တွင်  ပုံစံ ပတခ(ဝင)-၁ ဖြင့် ကြေညာလွှာတင်သွင်းရမည်။ (forms ပုံစံများကို  forms & publications link တွင် download ပြုလုပ်၍ရယူနိုင်ပါသည်။)

အခွန်ပေးသွင်းခြင်း

၄။ အခွန်ပေးသွင်းခြင်း ( Payment )

– လစာဝင်ငွေရရှိသူအတွက် လစဉ်လစာဝင်ငွေခွန်ကို အလုပ်ရှင်/ ရုံးဌာနအကြီးအကဲ/ ကုမ္ပဏီ မန်နေဂျာတို့က လစာမှဖြတ်တောက်၍ လစဉ်ပေးသွင်းရပါမည်။
– မြေငှားရမ်းခြင်း၊ အဆောက်အအုံငှားရမ်းခြင်း၊ အခန်းငှားရမ်းခြင်းမှဝင်ငွေရရှိသူသည် တစ်နှစ်ကျပ်သိန်း(၅၀၀)ကျော်လျှင် ကုန်သွယ် လုပ်ငန်းခွန် (၅%) ကို ပစ္စည်းငှားယူသူထံမှ တစ်ပါတည်းရယူပြီး ကြိုတင်ကုန်သွယ် လုပ်ငန်းခွန် ငွေသွင်းချလန်ပုံစံ ပတခ(ကသခ)-၇ဖြင့် ပေးသွင်းရမည်။ ဝင်ငွေခွန်ကိုမူ သက်ဆိုင်ရာအခွန်ရုံးက အခွန်တောင်းခံလွှာပုံစံ ပတခ(ဝင)-၈ ၊ ဝင်ငွေခွန် ငွေသွင်းချလန် ပုံစံ ပတခ(ဝင)-၁၉ တို့ကို ပေးပို့လာပြီး(၂၁)ရက်အတွင်း ပေးသွင်းရမည်။ငွေသွင်းချလန်ကို သက်ဆိုင်ရာအခွန်ရုံးတွင် ရယူနိုင်ပါသည်။
– အခြေပစ္စည်းမှမြတ်စွန်းငွေအပေါ် ကျသင့်သည့် ဝင်ငွေခွန်ကို သက်ဆိုင်ရာအခွန်ရုံးက ငွေသွင်းချလန်ပုံစံ ပတခ(ဝင)-၁၉၊ အခွန်တောင်းခံလွှာပုံစံ ပတခ(ဝင)-၈  ဖြင့်ပေးပို့လာပြီး (၂၁) ရက် အတွင်း ပေးသွင်းရမည်။
– အခြေပစ္စည်းဝယ်ယူတည်ဆောက်သူအနေဖြင့် သက်ဆိုင်ရာကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့က သတ်မှတ်သည့်တန်ဖိုးအပေါ် ကျသင့်တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်းပေးသွင်း၍ သက်ဆိုင်ရာအခွန်ရုံးတွင် တံဆိပ်ခေါင်း ထုတ်ယူရမည်။ (ကာလတန်ဖိုး စိစစ်သတ်မှတ်ရေး အဖွဲ့ကသတ်မှတ်မည့် စံနှုန်းများအား Norm ခေါင်းစဉ် link တွင် ဝင်ရောက် ကြည့်ရှုပါ ရန်) ဝင်ငွေခွန်ကိုမူ သက်ဆိုင်ရာ အခွန်ရုံးက ပုံစံ ပတခ(ဝင)-၈၊ ဝင်ငွေခွန်ငွေသွင်းချလန် ပုံစံ ပတခ(ဝင)-၁၉ ပေးပို့လာပြီးနောက် (၂၁) ရက်အတွင်း ပေးသွင်းရမည်။

 

Credit To: https://www.ird.gov.mm