ကိုယ်ပိုင်လုပ်ငန်း

ကိုယ်ပိုင်လုပ်ငန်း

၁။ ကိုယ်ပိုင်လုပ်ငန်း (Definition)

– အဖွဲ့အစည်းအသင်းအဖွဲ့၊ကုမ္ပဏီအနေဖြင့်မဟုတ်ဘဲမိမိကိုယ်တိုင်လုပ်ကိုင်သည့် အောက်ပါလုပ်ငန်းများ
    – အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်း
    – ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း

၂။ ဝင်ငွေနှင့်တာဝန်(Income & Obligation)

– အသက်မွေးဝမ်းကျောင်းပညာလုပ်ငန်းမှ ဝင်ငွေရလျှင် (ကုန်သွယ်လုပ်ငန်းခွန်နှင့် ဝင်ငွေခွန်)
– ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းမှ ဝင်ငွေရလျှင် (အထူးကုန်စည်ခွန်၊ကုန်သွယ်လုပ်ငန်းခွန်နှင့်ဝင်ငွေခွန်)
အသီးသီးပေးဆောင်ရပါမည်။

၃။ အခွန်ထမ်းမှတ်ပုံတင်ခြင်းနှင့်ကြေညာလွှာတင်သွင်းခြင်း(Registration & Filing)

အခွန်ထမ်းမှတ်ပုံတင်ခြင်း (Registration)

– လုပ်ငန်းစတင်လုပ်ကိုင်လျှင် လုပ်ငန်းစတင်ကြောင်းအကြောင်းကြားစာပုံစံ ပတခ (ကသခ)-၃ဖြင့် သက်ဆိုင်ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးရုံးသို့ အကြောင်းကြား ရမည်။
– ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့်လုပ်ငန်းဖြစ်လျှင် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီး ဌာနမှူးရုံးတွင် ပုံစံပတခ(ကသခ)-၂ ဖြင့် မှတ်ပုံတင်ခွင့်ပြုပါရန် လျှောက်လွှာ တင်သွင်းရပါမည်။ သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးရုံးက  မှတ်ပုံတင်ခွင့်ပြုကြောင်း လုပ်ငန်းရှင်မှတ်ပုံတင်ပုံစံ ပတခ(ကသခ)-၂ ကိုထုတ်ပေးပါမည်။
– အထူးကုန်စည်ခွန် ထုတ်လုပ်၊တင်ပို့လျှင် သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးထံ အထူးကုန်စည်ခွန် မှတ်ပုံတင်ရန် လျှောက်လွှာပုံစံ ပတခ(အထခ)-၁ကို နှစ်စဉ် တင်သွင်းရပါမည်။ ဆိုင်ရာအခွန်ရုံးက မှတ်ပုံတင်ခွင့်ပြုကြောင်းပုံစံ(အထခ)-၂ကို ထုတ်ပေးမည်ဖြစ်ပါသည်။(အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၁၅)

ကြေညာလွှာတင်သွင်းခြင်း (Filing) 

အထူးကုန်စည်ခွန်ကြေညာလွှာ

– အထူးကုန်စည်ခွန် ကျသင့်သည့်ကုန်စည်များ တင်သွင်းသူသည် အထူးကုန်စည်ခွန် ကြေညာလွှာပုံစံ ပတခ(အထခ)-၆ကို အကောက်ခွန်ဦးစီးဌာနသို့ တင်သွင်းရမည်။ အထူးကုန်စည်ခွန်ကျသင့်သည့်ကုန်စည်များ ထုတ်လုပ်တင်ပို့သူသည် အထူးကုန်စည်ခွန်ကြေညာလွှာပုံစံပတခ(အထခ)-၈ကို သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ သုံးလပတ်ကုန်ဆုံးပြီးနောက် တစ်လအတွင်း ပေးပို့ရမည်။(အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၁၆)
– အထူးကုန်စည်ခွန်ကြေညာလွှာကို သုံးလတစ်ကြိမ်သာ တင်သွင်းရပြီး၊ နှစ်ချုပ် ကြေညာလွှာတင်သွင်းရန်မလိုအပ်ပါ။

သုံးလတစ်ကြိမ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ

– ကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့် ကုန်စည်များထုတ်လုပ်၊ ရောင်းဝယ်ခြင်း ဖြစ်လျှင် သုံးလတစ်ကြိမ်ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ)- ၅ ကို လည်းကောင်း၊
– ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့် ဝန်ဆောင်မှုလုပ်ငန်းဖြစ်လျှင် သုံးလတစ်ကြိမ် ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ(ကသခ)- ၆ ကိုလည်းကောင်း၊သုံးလပတ်ကုန်ဆုံးပြီးနောက် တစ်လအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးထံ ပေးပို့ရမည်။

နှစ်ချုပ်ကုန်သွယ်လုပ်ငန်းခွန်ကြေညာလွှာ

– နှစ်တစ်နှစ်အတွင်းကုန်သွယ်လုပ်ငန်းခွန်ကျသင့်သည့်ရောင်းရငွေ/ဝန်ဆောင်မှုရငွေ(ကျပ်သိန်း၅၀၀ကျော်လျှင်) ယင်းနှစ်အတွက်
– နှစ်ချုပ်ကုန်ရောင်းကြေညာလွှာပုံစံ ပတခ(ကသခ)-၁၁ ကိုလည်းကောင်း၊
– နှစ်ချုပ်ဝန်ဆောင်မှုကြေညာလွှာပုံစံ ပတခ(ကသခ-)၁၂ ကိုလည်းကောင်း၊
သက်ဆိုင်ရာနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးမှူးထံ ပေးပို့ရမည်။

ဝင်ငွေခွန်ကြေညာလွှာ

– ဝင်ငွေကြေညာလွှာ ပုံစံပတခ(ဝင)-၁ကို ဝင်ငွေနှစ်ကုန်ဆုံးပြီး သုံးလအတွင်း သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးရုံးသို့ ပေးပို့ရမည်။
– အခွန်စည်းကြပ်ခြင်းမပြုမီ မှားယွင်းချက်ရှိ၍ ပြင်ဆင်လိုလျှင် ပြင်ဆင်သည့် ဝင်ငွေကြေညာလွှာကို ပေးပို့နိုင်ပါသည်။
   (forms ပုံစံများကို forms & publications link တွင် download ပြုလုပ်၍ ရယူနိုင်ပါသည်။)

၄။ အခွန်ပေးဆောင်ခြင်း။(Payment)
အထူးကုန်စည်ခွန်

– အထူးကုန်စည်များတင်သွင်းလျှင်(ကုန်စည်ကို ရွေးယူခြင်းမပြုမီ)
– အထူးကုန်စည်များထုတ်လုပ်လျှင်(ရောင်းချသည့်လကုန်ဆုံးပြီး(၁၀)ရက်အတွင်း)
– အထူးကုန်စည်ခွန်တင်ပို့လျှင်(တင်ပို့သည့်လ၏လကုန်ဆုံးပြီး(၁၀)ရက်အတွင်း) ပေးဆောင်ရပါမည်။ (အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၈)    

လစဉ်ကုန်သွယ်လုပ်ငန်းခွန်  
 
– ကုန်သွယ်လုပ်ငန်းခွန် ကျသင့်သည့်လုပ်ငန်းဖြစ်လျှင်(သက်ဆိုင်ရာလကုန်ဆုံး ပြီး(၁၀)ရက်အတွင်း) လစဉ် ကုန်သွယ်လုပ်ငန်းခွန်ပေးဆောင်ရပါမည်။

ကြိုတင်ဝင်ငွေခွန်

– သုံးလတစ်ကြိမ် ကြိုတင်ဝင်ငွေခွန်ပေးဆောင်ရမည်။ ပတခ(ဝင)-၁၈ ပုံစံ ချလန် ဖြင့် ပေးသွင်းရမည်ဖြစ်ပါသည်။

အပြီးသတ်စည်းကြပ်မှု့အရပေးဆောင်ခြင်း

– အပြီးသတ်စည်းကြပ်မှုအရ ပေးပို့လာသည့် ကုန်သွယ်လုပ်ငန်းခွန်အခွန် တောင်းခံလွှာ ပတခ(ကသခ)-၁၇၊ ဝင်ငွေခွန်တောင်းခံလွှာပတခ(ဝင)-၈ အရ ထပ်မံပေးဆောင်ရမည့်အခွန်များကို အခွန်တောင်းခံလွှာပါ သတ်မှတ်နေ့ရက် အတွင်း ပေးဆောင်ရပါမည်။

Credit to : https://www.ird.gov.mm